Saturday, March 23, 2013
Monday, March 11, 2013
Monday, January 21, 2013
နိဗ္ဗာန်သို့ သွားရာတစ်ကြောင်းတည်းသောလမ်း
"သင်ချစ်သားတို့ ပြုသင့်ပြုထိုက်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားဟူသောလုပ်ငန်းကိစ္စကို သင်ချစ်သားတို့ကိုယ်တိုင် အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ--။ငါဘရားရှင်တို့ကတော့ နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသော လမ်းဖြစ်သည့် သတိပဋ္ဌာန်တရားလေးပါးတည်းဟူသော လမ်းကို တစ်နည်းဆိုရသော်- မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသောလမ်းကို ဟောကြားပြသ ဆိုဆုံးမတတ်သူတို့သာ ဖြစ်ကြ၏။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် အာရမ္မဏူပနိဇ္ဈာနဈာန် လက္ခဏူပနိဇ္ဈာနဈာန်ဟူသော နှစ်မျိုးသော ဈာန်တို့ကို ဝင်စားနိုင်သူတို့သည်သာ ကိလေသာမာရ်စစ်သည်တို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြကုန်၏"။ ဒီစာအုပ်က ဖားအောက်တောရဆရာတော်ကြီး၏နောက်ဆုံးထွက်ရှိထားသောစာအုပ်လေးဖြစ်ပါတယ်။"နိဗ္ဗာန်သို့သွားရာတစ်ကြော င်းတည်းသောလမ်းပါ "မဂ္ဂင်ရှစ်ပါးမြတ်တရားတို့အားမည်သို့မည်ပုံကျင့်ကြံပွားများအား ထုတ်ရမည်ကိုပြဆိုသောကျမ်းပါ။Dow nload လုပ်ချင်ရင်တော့ဒီမှာလုပ်ပါ။http://www.mediafire.com/ ?6c26q3q0zwvb497
Sunday, January 6, 2013
အလှူဒါန (၇)မျိုး
အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည်မည်သည့်
အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟုမေး
လျှောက်သည်။“အသင်သည် အလှူဒါနမပြုတတ်၍ဖြစ်သည်” ဟုမြတ်စွာဘုရားကဖြေကြားတော်မူသည်။ ”
“ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။”
“ အသင်ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်
လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွး
သောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်
ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း ၊ မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။ မည်သူမဆို ဤ
အလှူဒါနခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကိုပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်း
သည်ထက်ကြပ်မကွာလိုက်ပါလာမည်သာဖြစ်ပါသည်။ ”ပါမောက္ခဒေါ်ခင်ဖြူ(မြင်းခြံ)… မြတ်မင်္ဂလာစာ
စောင်။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်စုံ
ကြပါစေ။
http://www.wiradhamma.blogspot.com/ မှ အရှင်ဝိမလဝံသ ၏ Post ကို ပြန်လည်ကူးယူလာပြီး
ကျွန်တော်ကိုပြည့်ဖြိုး (www.pyaephyo.com) ကနေတဆင့်ထပ်ပြီးကူးယူခဲ့ပါတယ်...
“အားလုံး ဘေးရန်ခပ်သိမ်း ဆင်းရဲကင်း၍ ကိုယ် စိတ် နှစ်ဖြာ ချမ်းသာကြပါစေ”

















